Translate
Friday, September 19, 2014
ထိခိုက်၊ရှနာနှင့် မီးလောင်ဒဏ်ရာများတွက် သဘာဝဆေးနည်း
----------------------------------------------------------------------------
ဒီအပင်ဟာ မြန်မာပြည်အနှံ့အပြားမှာ ပေါက်နေကြသည့်အတွက် မြင်ဖူးကြမှာပါ။ ရွက်ကျပင်ပေါက်ပင် ဖြစ်ပါတယ်။
အင်္ဂလိပ်လို Air plant Life Plant (ရွက်ကျ ပင်ပေါက်) Botany Term အသုံးအနှုန်းနဲ့ဆိုရင်တော့ Bryophyllum calycinum Salisb လို့ခေါ်ပါတယ်။
ရွက်ကျပင်ပေါက်ပင်ဟာ ထိခိုက်၊ ရှနာ၊ သွေးထွက်၊ မီးလောင် စတဲ့ ဒဏ်ရာတွေအတွက် အလွန်ကို အသုံးဝင်သော ဆေးဖက်ဝင် အပင်တစ်မျိုး ဖြစ်ပါတယ်။
ဆေးအဖြစ် အသုံးပြုပုံ အညွန်း
၁။ ထိခိုက် ရှနာနှင့် သွေးစိမ်းထွက်သောအနာများအတွက် ရွက်ကျ ပင်ပေါက်ရွက်ကို မီးကင်၍ ကပ်ပေးက သွေးများ ရပ်စဲ၍ အနာကျက်လွယ်၏။
၂။ အရွက်ကို ကြိတ်ညှစ်၍ ရသောအရည်ကို လိမ်းပေးမူ အနာစက် ၊ အနာမီးလျှံ ၊ မွေးကျွတ်နာ များ ပျောက်၏။
၃။ ရွက်ကျ ပင်ပေါက်ရွက်ကို မီးကင်၍ ထိခိုက် ရောင်ရမ်းနေသော ဒဏ်ရာ များကို ကပ်ပေးပါက ရောင်ရမ်းကျဆင်း၍ ဒဏ်ရာများ သက်သာပျောက်ကင်း၏။
၎။ ရွက်ကျ ပင်ပေါက်၂ ရွက် ကို ငရုတ်ကောင်းအနည်းငယ် ထည့်၍ ညက်စွာ ကြိတ်ပြီး သောက်က ဆီးပူ ၊ ဆီးချုပ် သွေးမြင်း သရိုက် နှင့် လူပျိုနာကြောင့်ဖြစ်သော အနာများ ပျောက်ကင်း၏။
၅။ အရွက်ကို ကြိတ်၍ ရသောအရည်ကို သောက်ပေးပါက ကာလ ၀မ်းရောဂါ ပျောက်ကင်း၏။
၆။ အရွက်ရည်ကို လိမ်းပေးက အဆစ်လွှဲ ၊ အကြောထုံးခြင်းနှင့် မီးလောင်သော အနာများ ပျောက်ကင်း၏။
၇။ အပူအားကြီး၍ ဖြစ်သော မျက်လုံး ပူခြင်း၊ ယားခြင်း၊ ကျိန်းခြင်း၊ ရောင်ရမ်းခြင်းအတွက် ၎င်းအရွက် သက်သက်ကို ညက်စွာ ကြိတ်၍ လည်းကောင်း၊ အအေးလွန်၍ ဖြစ်သော မျက်စိနာအတွက် ၎င်းအရွက် ကြိတ်ပြီးသားတွင် နနွင်းစစ် အနည်းငယ်ထည့်ကာ ခပ်နွေးနွေး ပြု၍ လည်းကောင်း အုံပေးပါက မျက်စိနာ ပျောက်၏။
လူသားတိုင်း ရောဂါကင်းစွာဖြင့် အသက်ရှည်နိုင်ကြပါစေ။
စောနွဲ့ နေဆိုင် (ကျန်းမာရေးသတင်းများ)
ကိုးကား။ ။ ရိုးရာတိုင်းရင်းဆေးနှင့်ဆေးဖက်ဝင်အပင်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment